ကားအပြင်ပိုင်းသုံးသော ပစ္စည်းများ (Exterior Solution)
ကားဆေးဆပ်ပြာရည်(Car Shampoo)

အကျိုးကျေးဇူးများ
- ဆေးအပေါ်ယံလွှာ (Clear Coat) ကိုမထိခိုက်ဘဲ သန့်ရှင်းစေသည်။
- ပင်းအား (၁:၆၀)
သုံးစွဲရန်အညွှန်း
- ရေအဆ (၆၀) ဆ (၁)ဆ ရော၍ သုံးရန်။
- ဖော့တုံးသုံး၍ ကားတစ်စီးလုံး ဆေးကြောပါ။
- ရေနှင့်ဆေး၍ chamoi (အစ) နှင့် ခြောက်အောင် သုတ်ပါ။
ကားမှန်ကြည်ဆေး(Glass Coater Windshield)

အကျိုးကျေးဇူးများ
- လေကာမှန်ကို သန့်ရှင်းစေ၍ ကြာရှည်အမြင်ကြည်လင်စေသည်။
- အခြားပစ္စည်းများထက် အန္တရာယ်ကင်းသည်။
သုံးစွဲရန်အညွှန်း
- ဗူးထဲတွင် ပါဝင်သော လက်အိတ်ကိုစွပ်၍ သုံးပါ။
- သန့်ရှင်းပြီးသော လေကာမှန်/မှန်ကို ဗူးထဲတွင်ပါသော အဝတ်ပေါ်တွင် ဆေးရည်တင်၍ မှုန်ဝါးဝါးဖြစ်သည် အထိ စက်ဝိုင်းပုံစံ တသမတ်တည်းတိုက်ပါ။
- မှန်ကို ကြည်လင်သည်အထိ သုတ်ပါ။
သတိပြုရန် နေပူထဲတွင် (သို့) ကားပူနေစဉ်တွင်မသုံးရ
ကားအရောင်တင်ဆီ(3M Shield 'N Seal Wax)

အကျိုးကျေးဇူးများ
- အစင်းရာမမြင်အောင် အလွန်ပြောင်လက်စေသည်။
- ဆေးသားကို တောက်ပစေပြီး အရောင်လွင့်ခြင်းကို ကာကွယ်ပေးသည်။
- လက်နှင့်ဖြစ်စေ၊ စက်နှင့်ဖြစ်စေ အသုံးပြုနိုင်သည်။
သုံးစွဲရန်အညွှန်း
- ကားကို သန့်ရှင်းခြောက်သွေ့စေရမည်။
- ဖော့/ခြောက်သွေ့သော အဝတ်
ကားအရောင်တင်ဆီ(3M Paste Wax)

အကျိုးကျေးဇူးများ
- အရောင်စိုပြီး အလွန်တောက်ပြောင်စေသည်။
- UV Light ကိုကာကွယ်ပေးသည်။
သုံးစွဲရန်အညွှန်း
- ကားကို သန့်ရှင်းခြောက်သွေ့စေရမည်။
- ဗူးထဲတွင်ပါသော ဖော့ကို အသုံးပြု၍ စက်ဝိုင်းပုံစံ တသမတ်တည်းတိုက်ပါ။
- 3M Micro Fiber ပိတ်စကို သုံး၍ တောက်ပြောင်သည်အထိတိုက်ပါ။
- သတိပြုရန် နေပူထဲတွင် (သို့) ကားပူနေစဉ်တွင် မသုံးရ
ကားဘော်ဒီအရောင်တင်ဆေး(Gloss Enhancer)

သုံးစွဲရန်အညွှန်း
- ကားကို သန့်ရှင်းခြောက်သွေ့စေရမည်။
- ဗူးကို လှုပ်၍ အသုံးပြုပါ။
- ကားဘော်ဒီပေါ်သို့ တိုက်ရိုက်ဖျန်း၍(သို့) 3M Micro Fiber ပိတ်စပေါ်တင်၍
မျက်နှာပြင်ကိုသုတ်ပါ။ - မိနစ်အနည်းငယ်စောင့်ဆိုင်းပါ။
- 3M Micro Fiber ပိတ်စအခြောက်ကို သုံး၍ တောက်ပြောင်သည်အထိတိုက်ပါ။
သတိပြုရန် နေပူထဲတွင် (သို့) ကားပူနေစဉ်တွင် မသုံးရ
ကတ္တရာချွတ်ဆေး(3M Asphalt Adhesive Remover)

သုံးစွဲရန်အညွှန်း
- ၆" (သို့) ၈" အကွာထား၍ စွန်းနေသော မျက်နှာပြင်ကို ဖျန်းပါ။
- Spray လုပ်ပြီးနောက် မိနစ်အနည်းငယ် စောင့်ဆိုင်းပါ။
- 3M Micro Fiber ပိတ်စအခြောက်နှင့် သုတ်ပါ။
- အစွန်းအထင်းများ/ဂျီးများ အလွန်စွဲနေလျှင် နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်ပါ။
သတိပြုရန် နေပူထဲတွင် (သို့) ကားပူနေစဉ်တွင် မသုံးရ၊ လေဝင်လေထွက် ကောင်းသော နေရာတွင် သာ လုပ်ဆောင်ပါ။
ကားအရောင်တင်ဆီ (3M Paint Preparation System)

- ဗူးနံပါတ်(၁) မျက်နှာပြင် အပေါ်ယံစင်းရာ ခြစ်ရာများကို ဖယ်ရှားပေးသည်။
- ဗူးနံပါတ်(၂) စက်ပေါလစ် တိုင်ခြင်းမှ ကျန်ခဲ့သော အစင်းရာများကို ထပ်မံဖယ်ရှားပေးသည်။
- ဗူးနံပါတ်(၃) ပေါလစ်တင်ပြီးနောက် ပြောင်လက်စေသည်။
- ဗူးနံပါတ်(၄) ကားကို တောက်ပြောင်စေပြီး ဂျီးကပ်မှု နည်းပါးအောင် ကာကွယ်ပေးသည်။
ကားတာယာ အရောင်တင်ဆေး(3M Tire Dressing)

အကျိုးကျေးဇူး
- သဘာဝအတိုင်း တောက်ပစေသည်။
- အဆီပြန်ခြင်းမရှိ၊ ဖုန်းကပ်ခြင်းမှ ကာကွယ်ပေးသည်။
သုံးစွဲရန်အညွှန်
- တာယာများကို သန့်ရှင်းခြောက်သွေ့စေရမည်။
- 3M တာယာအရောင်းတင်ဆေးကို ဖျန်းပါ၊ ထို့နောက် ခြောက်သွေ့အောင်ထားပါ (သို့) အဝတ်နှင့်ခြောက်အောင် သုတ်ပါ။