ကားအပြင်အဆင် ပစ္စည်းများ Accessories Solution
ကားမှန်ရေသုတ်တံ (3M Wiper Blade, Stainless Frame)

အကျိုးကျေးဇူးများ
- အသားထူပြီး Stainless Steel ကိုယ်ထည်ဖြစ်၍ တောင့်တင်းပြီး တွန်းအားခံနိုင်ရည်ရှိသည်။
- အရည်အသွေးမြင့်မားသော သဘာဝရာဘာကို အသုံးပြုထားသဖြင့် ပိုမိုပျော့ပျောင်း၍ ကြာရှည်ခံသည်။
- ဂျပန်ကားအများစုတွင် လွယ်ကူစွာ တပ်ဆင်နိုင်သည်။
- ရာသီမရွေး သုံးစွဲနိုင်သည်။
- ၁၄"၊ ၁၆"၊ ၁၇"၊ ၁၈"၊ ၁၉"၊ ၂၀"၊ ၂၁"၊ ၂၂"၊ ၂၄"၊ ၂၆" အရွယ်အစားများ ရရှိနိုင်ပါသည်။
ကားသုတ်ပိတ်စ (3M Detailing Cloth / Micro Fiber Cloth)

အကျိုးကျေးဇူးများ
- လက်အရာ/ Polish နှင့် wax အကြွင်းအကျန်များကို လွယ်ကူစွာ ဖယ်ရှားပေးသည်။
- ပိတ်စပျော့ပျောင်းသောကြောင့် ဆေးသားထိခိုက်မှု မရှိပါ။
- မျက်နှာပြင်အစုံတွင် သုံးစွဲနိုင်သည်။
သုံးစွဲရန်အညွှန်း
- ပေါလစ်တိုက်သောနေရာတွင် သုံးသည်။
- ပြောင်လက်သည်အထိ ညှင်သာစွာ သုတ်ပါ။
- ရေလျှော်၍ ပြန်လည်အသုံးပြုနိုင်သည်။
သတိပြုရန် ပိတ်စပျော့စေသော ဓါတုဗေဒဆေးများ ထည့်မသုံးရ။
ချေး / ဂျီးချွတ်ဆေး (3M Multi Purpose Spray Lubricant)

အကျိုးကျေးဇူးများ
- သံချေးမတက်အောင်၊ စိုထိုင်းမှု မရှိအောင် ကာကွယ်ပေးသည်။
- ချောမွေ့စေသည်။
- ဆိုးရွားသော အနံ့မရှိ။
- ဗူးကို ပုံစံ အမျိုးမျိုးကိုင်၍ အသုံးပြုနိုင်သည်။ (*ဇောက်ထိုးအနေအထားနှင့်လည်း အသုံးပြုနိုင်သည်*)
သုံးစွဲရန်အညွှန်း
- ဗူးကို လှုပ်ပြီးမှ အသုံးပြုပါ။
- ၈" - ၁၀" လက်မခြား၍ ဖျန်းပါ။